ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်
(၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများဖြင့် သာယာနေပြီး
၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်
ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ။ (၅)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ ့(သို့)အရှေ့ မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ။ (၆)မိုင်။
ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊တစ်ခါတစ်ရံ မိုင်(၂၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။













