ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်

သာယာနေပြီး၊  ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်

ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                   (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                   အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်

တစ်ခါတစ်ရံ မိုင်(၂၀)။                

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၅)ပေမှ (၇)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။    တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

အမြင်တာ ။                    (၅)မိုင်။

ရေပြင်လေ။                    မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်

တစ်ခါတစ်ရံ (၁၅)မိုင်။

 လှိုင်းအ‌ခြေအနေ။            လှိုင်းအသင့်အတင့်ရှိမည်။

 လှိုင်းအမြင့်။                   (၅)ပေမှ (၇)ပေခန့်။