ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက် (၂၆.၉.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက

 (၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်း

နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေအားကောင်းနေကာ၊

ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားနည်းနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်အောက်။

ရေပြင်လေ။ အနောက်(သို့)အနာက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံမိုင်(၃၀)မှ(၃၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့)အနောက်မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)၊တစ်ခါတစ်ရံမိုင်(၃၀)။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။