BAY BULLETIN
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
==========================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်
တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်
စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေ သော ဆိုင်
ကလုန်းမုန်တိုင်း(Cyclonic Storm)"ဖန်နီ" (FANI)သည် အနောက်မြောက်ဘက်
သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာ နိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့
ဘက် မိုင် (၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ တောင်ဘက်
မိုင်(၄၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်
(၅၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ"(FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်
မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင်
တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်
ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
=================================================================
မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
=============================================================
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။













