ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk)သည် ထိုင်းပင်လယ်

ကွေ့သို့ ရောက်ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)၏ အရှေ့တောင်ဘက်

(၁၂၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါအပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် အနောက်-အနောက်မြောက်ဘက်

သို့ ရွေ့လျားနိုင်ပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့

(ထိုင်းနိုင်ငံ)အနီးမှ ယနေ့ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်

ဟု ခန့်မှန်းရပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။                 (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။                 မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။         လှိုင်းကြီးမည်။
လှိုင်းအမြင့်။                 (၈)ပေမှ (၁၀)ပေခန့်။


    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။     တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ ။                   (၅)မိုင်။
ရေပြင်လေ။                  မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။           လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                  (၄)ပေမှ (၆)ပေခန့်။