ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                       ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                       အနောက် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ်မိုင် ၁၅ -၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀။ 

လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးနိုင်ပါသည်။ 

လှိုင်းအမြင့်။                    ၈ ပေမှ ၁၀ ပေခန့်။   

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                       ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                      တောင် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ်မိုင် ၂၀ -၂၅ မိုင်၊ ရံဖန်ရံခါ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။            လှိုင်းကြီးမည်။

လှိုင်းအမြင့်။                     ၁၀ ပေမှ ၁၂ ပေခန့်