ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

အမြင်တာ။                    ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။

ရေပြင်လေ။                   အနောက် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ် ၁၅ မိုင်မှ မိုင်၂၀ ၊ ရံဖန်ရံခါ ၃၅ မိုင် ။

လှိုင်းအ‌ခြေအနေ။           လှိုင်းကြီးမည်။ 

လှိုင်းအမြင့်။                    ၉ ပေမှ ၁၂ ပေခန့်။   

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

အမြင်တာ။                    ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။

ရေပြင်လေ။                 တောင် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ် ၁၅ မိုင်မှ မိုင်၂၀ ၊ ရံဖန်ရံခါ ၃၅ မိုင် ။

လှိုင်းအ‌ခြေအနေ။         လှိုင်းကြီးမည်။

လှိုင်းအမြင့်။                 ၉ ပေမှ ၁၂ ပေခန့်။