Weather Forecast for 2026 Early Monsoon Season
၂၀၂၆ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း
၁။ ၂၀၂၆ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ
၂။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါသည်-
(က) မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊
( ခ) မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊
( ဂ) မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်
(ဃ) မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၃။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။
မိုးအခြေအနေ
၄။ မိုးရွာသွန်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။













