ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 (၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌ တောင်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး  ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ အနောက် တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏ အရှေ့မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI) သည်  အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။       နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။                           ၃ မိုင်၊ မိုးရွာစဉ်  မိုင်ဝက်ခန့်။

ရေပြင်လေ။                            တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။

 လှိုင်းအ‌ခြေအနေ။                 လှိုင်းကြီးမည်။

လှိုင်းအမြင့်။                         ၁၀ ပေမှ ၁၂ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။        နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                           ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                            တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။

 လှိုင်းအ‌ခြေအနေ။                 လှိုင်းကြီးမည်။

လှိုင်းအမြင့်။                         ၁၀ ပေမှ ၁၂ ပေခန့်။