ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်
တည်ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ထိုင်းပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပြီး၊
လေဖိအားနည်း ရပ်ဝန်းအဖြစ်အားလျော့သွားခဲ့ကာ၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀) ။
လှိုင်းအခြေအနေ။လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ (၄)ပေမှ (၈)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ။
လှိုင်းအခြေအနေ။လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ (၄)ပေမှ (၈)ပေခန့်။













