ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၅)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၆)ပေမှ (၈)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၂)ပေခန့်။













