၂၅-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မုန်တိုင်းသတိပေးချက်
မိုးလေဝသသတင်းအစီရင်ခံခြင်း
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မိုးလေဝသသတင်းအမှတ်စဉ်(၁၀)၊၂၀၁၈
မိုးလေဝသအခြေအနေ
ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံကုန်းတွင်းပိုင်းတွင်
ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်
အဆင့်ဟုသတ်မှတ်ပါသည်။
လေဖိအားနည်းရပ်ဝန်းအခြေအနေ အစီရင်ခံခြင်း
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
လေဖိအားနည်းရပ်ဝန်းအခြေအနေအမှတ်စဉ်(၀၉)၊၂၀၁၈
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်
(Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်း
(Low Pressure Area)အဖြစ်သို့ အားလျော့သွားပြီးဖြစ်ပါသည်။
ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက်
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည်အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊
မန္တလေးမြို့၏ အနောက်မြောက်ဘက်မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။
မုန်တိုင်းငယ်သတိပေးချက်
(၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၆)၊၂၀၁၈
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၂၃:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့
အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာ
နိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အ
မုန်တိုင်းငယ်သတိပေးချက်
၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်တွင်
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်
မုန်တိုင်းငယ်သတိပေးချက်
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၈
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော
မုန်တိုင်းငယ်သတိပေးချက်
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၈
( မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်အခြေအနေ
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ မေလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။
မုန်တိုင်းငယ်သတင်း
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့
မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆)၊၂၀၁၇
မုန်တိုင်းငယ်အခြေအနေ
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့
မုန်တိုင်းသတိပေးချက် မရှိပါ။













