ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁၂ နာရီ အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၁၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၁ လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့် အလိုတွင်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခန့် ကျော်လွန်ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ပါရန်နှင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ မအူပင်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်း မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ ရေကြီးမှုအခြေအနေသတင်းနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့တင်ပြသွားမည် ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။













