ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၇:၃၀ နာရီအချိန်တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာတွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။













