ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက် 

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)   

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်   တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ စင်တီမီတာ (၂ လက်မခန့်) အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

 သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။