ရေကြီးခြင်းသတိပေးချက်

 

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ ၁၅:၀၀ နာရီအချိန်  ထုတ်ပြန်ချက်)  

ယနေ့မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန်   တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ စင်တီမီတာ (၂ လက်မခန့်) အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါသည်။

 သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။