နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

     (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီ

အတွင်းက အနောက်တောင် မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် မြန်မာ

နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ပါသည်။ နေပြည်တော် နှင့် စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်းတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း

ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်

တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်

နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကြာအင်းဆိပ်ကြီးမြို့တွင် (၄.၈၄)

လက်မ၊ ပင်လည်ဘူးမြို့တွင် (၂.၆၀)လက်မ၊ သီပေါမြို့တွင် (၂.၄၅)လက်မ၊ ပူတာအိုမြို့တွင် (၂.၂၈)

လက်မ၊ ဝန်းသိုမြို့တွင် (၂.၂၄)လက်မ၊ ကောလင်းမြို့တွင် (၂.၀၉)လက်မ၊ ကလေးဝမြို့တွင် (၂.၀၄)

လက်မ၊ ကျောက်ဖြူမြို့တွင် (၁.၉၆)လက်မ၊ ဂန့်ဂေါမြို့တွင် (၁.၉၃)လက်မ၊ ရန်ကုန်(မင်္ဂလာဒုံ)တွင်

(၁.၈၆)လက်မ၊ ရေးမြို့တွင် (၁.၇၆)လက်မ၊ ဘုရားသုံးဆူမြို့တွင် (၁.၇၃)လက်မ၊ ကော့သောင်းမြို့

တွင် (၁.၆၅)လက်မနှင့် ကော့ကရိတ် မြို့တွင် (၁.၆၁)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့

တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်

တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ

တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း

တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်

အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက် 

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်  

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။