၂၈-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ် ကမ်းခြေတို့ကို ဘပတ်လမြို့(Bapatla)နှင့် ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက် အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။
မြေငလျင်သတင်း ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၃၃)မိနစ် (၂၁)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက်(၂၁၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၃၀)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။













