မြေငလျင်သတင်း
မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၂၁) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကိုင်မြို့၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု ၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













