မြေငလျင်သတင်း
မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၂)မိနစ်၊ (၃၈) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ မြောက်-အနောက်မြောက်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၉) ဒီဂရီ၊ အနက်(၅၂) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၁ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။













