၂၄.၈.၂၀၂၆ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော် လျက်ရှိသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် နောက် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ် မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မိုးဦး၊မိုးလယ်၊မိုးနှောင်း/ဆောင်းရာသီကာလ ယေဘုယျ မိုးလေ၀သခန့်မှန်းချက်
၂၀၁၅ခုနှစ်၊မိုးရာသီကာလအတွက်ယေဘုယျခန့်မှန်းချက်
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည်၂၀၁၅ ခုနှစ်၊ဇွန်လပထမ(၁၀)ရက်ပတ်(မြန်မာသက္ကရာဇ်၁၃၇၇ ခုနှစ်၊
နယုန်လပြည့်ကျော်ခန့်)တွင်မြန်မာတစ်နိုင်ငံလုံးသို့ဝင်ရောက်ဖွယ်ရာရှိပါသည်။၂၀၁၅ခုနှစ်၊စက်တင်ဘာ
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ နယုန်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွှတ်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။













