၂၅-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်မြောက်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။
မိုးဦး၊မိုးလယ်၊မိုးနှောင်း/ဆောင်းရာသီကာလ ယေဘုယျ မိုးလေ၀သခန့်မှန်းချက်
၂၀၁၅ခုနှစ်၊ မိုးလယ်ကာလခန့်မှန်းချက်
(၂၈.၆.၂၀၁၅)
၂၀၁၅ခုနှစ်၊မိုးရာသီကာလအတွက်ယေဘုယျခန့်မှန်းချက်
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည်၂၀၁၅ ခုနှစ်၊ဇွန်လပထမ(၁၀)ရက်ပတ်(မြန်မာသက္ကရာဇ်၁၃၇၇ ခုနှစ်၊
နယုန်လပြည့်ကျော်ခန့်)တွင်မြန်မာတစ်နိုင်ငံလုံးသို့ဝင်ရောက်ဖွယ်ရာရှိပါသည်။၂၀၁၅ခုနှစ်၊စက်တင်ဘာ
အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ နယုန်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွှတ်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။













