၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သခန့်မှန်းချက်

 

၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း

၁။      ၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ

သြဂုတ်လ (၃၁)ရက် နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၄)ရက်နေ့

မှ တော်သလင်းလဆန်း (၆)ရက်နေ့) အထိ ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၂။       ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊

(၂)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်

တို့တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။ မိုးလယ် ကာလတွင် မုတ်သုံလေ

အားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ 

မိုးအခြေအနေ

၃။      မိုးရွာသွန်းမှုအ‌ခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်

နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်

ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲ

ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။