Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊  တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။  လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။  တစ်ပြည်လုံးတွင် မိုးအားအနည်းငယ်လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။