နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက

ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊

ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊  မကွေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ မကွေးတိုင်းဒေသကြီးတွင်

နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ ကလေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၂.၀၅)

လက်မစီ၊ ရမ်ကလောင်းတွင် (၁.၅၀)လက်မ၊ မတူပီမြို့တွင် (၁.၄၂)လက်မ၊ တီးတိန်မြို့တွင် (၁.၃၄)လက်မ၊

နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် (၁.၂၂)လက်မ၊ တောင်တွင်းကြီးမြို့တွင် (၁.၁၄)လက်မ၊ မာန်အောင်

မြို့တွင် (၁.၁၀)လက်မနှင့် ထီးလင်းမြို့တွင် (၁.၀၃)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ

ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း

ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊

တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့

တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်

လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်

လက် ဖြစ်ပေါ်နေမည်။           

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက် နေရာကွက်ကျား မိုးထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။   

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက် နေရာကွက်ကျား မိုးထစ်ချုန်းရွာ

မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။