Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့  မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်

ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့်

ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုး

ထစ်ချုန်းရွာခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကြာအင်းဆိပ်ကြီးမြို့တွင် (၄.၀၆)လက်မ၊ ခရမ်းမြို့တွင် (၃.၃၅)

လက်မ၊ မုဒုံမြို့တွင် (၂.၈၃)လက်မ၊ ကော့သောင်း မြို့တွင် (၂.၈၀)လက်မ၊ သထုံမြို့တွင် (၂.၆၈)

လက်မ၊ ကော့ကရိတ်မြို့နှင့် ပိုင်ကျုံမြို့တို့တွင် (၂.၆၀)လက်မစီ၊ လောင်းလုံးမြို့တွင် (၂.၄၄) လက်မ၊

လှိုင်းဘွဲ့မြို့တွင် (၂.၄၀)လက်မ၊ ကတိုင်တိတွင် (၂.၃၀)လက်မနှင့် မြိတ်မြို့တွင် (၂.၂၄)လက်မတို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကယားပြည်နယ်တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း

တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊

ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်

တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီ

တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မိုးပို

လာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။    နေရာကွက်ကျား မိုး

ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။    မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။    နေရာကွက်ကျား မိုး

ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။