ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက် (၂၈.၅.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 (၂၀၁၅ ခုနှစ်၊ မေလ (၂၇)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့

အလယ်ပိုင်းတို့တွင်မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်ရှိနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်

တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအခြေအနေ။  လှိုင်းအသင့်အတင့်ရှိမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။  နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။