လပတ် ဇလဗေဒခန့်မှန်းချက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၂၈-၉-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁) ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့ တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁) ကြိမ်ခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိ နိုင်ပါသည်။