၇-၉-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Earthquake News
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၈)မိနစ် (၂၀)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင်(၃၅၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပူတာအိုမြို့၏ အနောက်တောင်ဘက်မိုင် (၇၀) ခန့်အကွာ) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်၇ှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၀၄)မိနစ် (၄၆)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၂၀၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ အရှေ့မြောက်ဘက်မိုင် (၂၀) ခန့်အကွာ) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်၇ှားသွားကြောင်း တိုင်းထွာရရှိပါသည်။
(မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် မိုင်(၁၅၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပျဉ်မနားမြို့၏ အရှေ့မြောက်ဘက် (၁၀)မိုင် ခန့်အကွာ) ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













