၇-၉-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၀၂)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၅၀) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၁၃)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၄၈)မိုင် ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အနောက်မြောက်ဘက် (၁၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။













