၂၇-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင် ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Special Weather News
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၂၆/၂၀၁၉)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၂၅/၂၀၁၉)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၂၄/၂၀၁၉)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၂/၂၀၁၉)
၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၄:၀၀)နာရီအချိန်
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်)
(မြန်မာစံတော်ချိန်(၀၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့
အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)
"ဘာဘ်ဘယ်" (BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်













