Flood Warning
ရေကြီးခြင်းသတိပေးချက်
(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေ ၁ လက်မခန့် အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါချောင်းရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ၆ လက်မခန့် ကျော်လွန်ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေ ဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုး ဆော်အပ်ပါသည်။













