DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၂-၂၀၂၄: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်

           (၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

        အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်
အမှတ်စဉ် (၁၀/၂၀၁၇)

(က)    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်

ပင်လယ် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" (Tembin)သည် ဗီယက်နမ်

ကမ်းခြေ ကို (၂၆.၁၂.၂၀၁၇)ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းများအဖြစ်

အနောက် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေပွေလှိုင်းများ၏

အရှိန်ကြောင့် (၂၆.၁၂.၂၀၁၇)ရက်နေ့မှ (၂၈.၁၂.၂၀၁၇)ရက်နေ့အတွင်း တနင်္သာရီတိုင်း

ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်

စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာ

ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

(ခ)    သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် အတူ

လေပြင်း  တိုတ်ခတ်ခြင်းများအား ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။