ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ထိုင်ဝမ်ကျွန်း ကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း “ဟိုက်ကွေး”(Haikui)သည် အားကောင်းသောအပူပိုင်းမုန်တိုင်း “ဟိုက်ကွေး” (Haikui) အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိခဲ့ကာ အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ (၅.၉.၂၀၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀- ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ
မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၉)ပေမှ (၁၁)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင်(သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၅)ပေမှ (၇)ပေခန့်။













