Sunday, July 23, 2023 - 23:45

မြေငလျင်သတင်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၁) မိနစ်၊ (၂၃) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၅၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါမြို့၏ အရှေ့မြောက်ဘက် (၁၆) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက် (၈၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။