၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၆၃)ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားအတွက် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲကို "အနာဂတ် မိုးလေ၀သ၊ ရာသီဥတုနှင့် ရေသယံဇာတဖွံ့ဖြိုးကောင်းမွန်ရေး မျိုးဆက်များအားလုံး အလေးထားဆောင်ရွက်ကြပါစို့" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အောက်ပါစည်းကမ်းချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
- ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာအနည်းဆုံး စာမျက်နှာ ၁၀မျက်နှာအထိ ရေးသားယှဉ်ပြိုင်ရမည်ဖြစ်သည်။
- ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံးအရွယ်အစား-၁၃ (Font Size 13)စာကြောင်း အကွာအဝေး ၁.၁၅ (Line Spacing 1.15)၊ Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည် ဖြစ်ပါသည်။
- ပြိုင်ပွဲဝင်များ ပေးပို့သည့်စာမူများသည် မိမိကိုယ်တိုင် ဖန်တီးရေးသားထားသည့် စာမူဖြစ်ပြီး၊ ပေးပို့လာသည့် စာမူသည် ဂျာနယ်၊မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများ မဖြစ်စေရပါ။
- ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။ ပထမဆု ကျပ် (၃)သိန်း၊ ဒုတိယဆု ကျပ် (၂)သိန်း၊ တတိယဆုကျပ် (၁)သိန်း စုစုပေါင်း(၃)ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည် ဖြစ်သည်။ စာကိုအထောက်အထားဖြင့်ဖော်ပြပါက ကျမ်းကိုးကို ထည့်သွင်းဖော်ပြရမည်။
- ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/ Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ပြိုင်ပွဲဝင်သူ၏ အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့အရွယ် ရောင်စုံဓါတ်ပုံ (၃)ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၆၀၄၀၀၆၀၈ သို့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။စည်းကမ်းချက်များနှင့် မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
- ဆုရရှိသူများအား မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website (www.dmh.gov.mm) နှင့် Facebook (https://www.facebook.com/dmhmoezalanaypyitaw/)တို့တွင် ကြေညာပေးမည် ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ကမ္ဘာ့မိုးလေ၀သနေ့ ဖြစ်သော ၂၀၂၃ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ဥက္ကဌ
ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန