ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။            နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

အမြင်တာ။                               (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။                              အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅- ၁၀)မိုင်၊ တစ်ခါတစ်ရံ    (၂၅)မိုင်မှ မိုင်(၃၀)။

လှိုင်းအ‌ခြေအနေ။                     လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                             (၅)ပေမှ (၇)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။            အများအားဖြင့်သာယာမည်။

အမြင်တာ။                               (၅)မိုင်။

ရေပြင်လေ။                             မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅- ၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်မှ မိုင်(၃၀)။

လှိုင်းအ‌ခြေအနေ။                     လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                             (၅)ပေမှ (၇)ပေခန့်။