Saturday, July 16, 2022 - 06:45

မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၁၈)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၄၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရွှေဘိုမြို့၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၅၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၃)ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။