မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ (၃၈)မိနစ် (၀၂)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက်(၃၁၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမြို့၏ အရှေ့မြောက်ဘက် (၄၉)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။