နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်တိမ် အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ မန္တလေးတိုင်း ဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဟုမ္မလင်းမြို့တွင် (၃.၃၉)လက်မ၊ ပုသိမ်ကြီး(စိုက်ပျိုးရေး)တွင် (၂.၄၈)လက်မ၊ ကသာမြို့တွင် (၂.၄၄)လက်မ၊ မန္တလေး(အောင်မြေသာစံမြို့နယ်)တွင် (၂.၂၄)လက်မ၊ မန္တလေး(ချမ်းအေးသာစံမြို့နယ်)တွင် (၂.၁၇)လက်မ၊ မိုးကောင်းမြို့တွင် (၂.၀၅)လက်မ၊ မောင်တောမြို့တွင် (၁.၉၃)လက်မ၊ ပလက်ဝမြို့ တွင် (၁.၇၃)လက်မ၊ မူဆယ်မြို့တွင် (၁.၅၀)လက်မ၊ ပူတာအိုမြို့နှင့် ရန်ကုန်(ကမ္ဘာအေး)တို့တွင် (၁.၄၅)လက်မစီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈) ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၀.၂)ဒီဂရီစင်တီဂရိတ် (၈၆)ဒီဂရီဖာရင်ဟိုက် (၁၆ - ၀၇ - ၂၀၂၁)
အနိမ့်ဆုံးအပူချိန် - (၂၂.၄)ဒီဂရီစင်တီဂရိတ် (၇၂)ဒီဂရီဖာရင်ဟိုက် (၁၇ - ၀၇ - ၂၀၂၁)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၈၄)ရာခိုင်နှုန်း (၁၇ - ၀၇ - ၂၀၂၁)
မိုးရေချိန် - မရှိပါ (၁၇ - ၀၇ - ၂၀၂၁)
နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၀.၂)ဒီဂရီစင်တီဂရိတ် (၈၆)ဒီဂရီဖာရင်ဟိုက် (၁၆ - ၀၇ - ၂၀၂၁)
အနိမ့်ဆုံးအပူချိန် - (၂၃.၈)ဒီဂရီစင်တီဂရိတ် (၇၅)ဒီဂရီဖာရင်ဟိုက် (၁၇ - ၀၇ - ၂၀၂၁)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၈၄)ရာခိုင်နှုန်း (၁၇ - ၀၇ - ၂၀၂၁)
မိုးရေချိန် - (၀.၀၄) လက်မ (၁၇ - ၀၇ - ၂၀၂၁)
မိုးရေချိန် |
|||
ရက်စွဲ |
နေပြည်တော် |
ရန်ကုန်(ကမ္ဘာအေး) |
မန္တလေး |
၁၇ - ၇ - ၂၀၂၁ |
မရှိပါ |
(၁.၄၅)လက်မ |
(၀.၀၈)လက်မ |
၀၁- ၀၁-၂၀၂၁ မှ ယနေ့အထိ |
(၂၇.၃၆)လက်မ |
(၄၉.၇၆)လက်မ |
(၁၁.၇၃)လက်မ |
နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၁၇-၇-၂၀၂၁)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၃)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။