DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ  အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် နောက်(၂၄)နာရီအတွင်း ဆက်လက်တည်ရှိနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မြေငလျင်သတင်း

                                               မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၅၄)မိနစ် (၃၅) စက္ကန့်အချိန်တွင်

မန္တလေး မြေငလျင် စခန်းမှအနောက်မြောက်ဘက် (၁၇၆၃)မိုင်ခန့် ကွာဝေးသော

မြန်မာနိုင်ငံပြည်ပ (southem Xinjiang, China) ကို ဗဟိုပြု၍

အင်အား ရစ်(ခ်)တာ စကေး (၆.၄)အဆင့်ရှိ အင်အားပြင်းထန်သော

မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။