ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

=============================================


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင်‌့

အတင့်ဖြစ်ထွန်းနေပြီးကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင်‌့

အတင်‌့မှ တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။ နေရာကွက်ကျားမိုးရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။
ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံမိုင် (၂၀)။
လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေဝသအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ ။ (၅)မိုင်။
ရေပြင်လေ။ မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀)။
လှိုင်းအ‌ခြေအနေ။လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်