DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက် တောင်ဘက် ရေမိုင် ၇၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

Earthquake news

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၅ခုနှစ်၊မတ်လ(၁)ရက်နေ ြ့မန်မာစံတော်ချိန်(၀၅)နာရီ၊(၁၈)မိနစ်၊(၁၈)စက္ကန့်အချိန်တွင်မန္တလေးမြေငလျင်စခန်းမှ‌မြောက်ဘက် မိုင်(၆၀)ခန့်ကွာဝေး သောမြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက်(၅)မိုင်ခန့်အကွာ) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အား အနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။