မိုးကြိုကာလနှင့် မုတ်သုံအဝင်ကာလအတွင်း ဖြစ်ပေါ်တတ်သည့်
မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်
အမှတ်စဉ် (၀၆/၂၀၂၁) အစီရင်ခံခြင်း
(၂၀၂၁ ခုနှစ်၊ မေလ(၁၅)ရက်နေ့ ထုတ်ပြန်ချက်)
" မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေမဝင်ရောက်မီကာလအတွင်းနှင့် အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက် နေစဉ် ကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း၊ လေပြင်းများတိုက် ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။"
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်းနှင့် အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်နေစဉ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ် များ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။