ဘင်္ဂလားပင်လယ်အော်အခြေအနေ
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်
အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်- အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊
လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့ သွားခဲ့ပြီဖြစ်ပါသည်။