DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၁၈-၁၀-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

     ဧရာဝတီမြစ်ရေသည် အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၂-ပေမှ ၄-ပေခန့် ကျဆင်းနိုင်ပြီး၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၁-ပေမှ ၂-ပေခန့် မြင့်တက်လာနိုင်ပါသည်။

    ချင်းတွင်းမြစ်ရေသည် အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၃-ပေမှ ၄-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၅-ပေခန့် ကျဆင်းနိုင်ပါသည်။