နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
ကယားပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြား၊
ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ၊် ရခိုင်ပြည်နယ်နှင့်
ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား
မိုးထစ်ချုန်းရွာခဲ့ကာ၊ ကရင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ
မိုးရေချိန်များမှာ ပိုင်ကျုံမြို့တွင် (၆.၃၀)လက်မ၊ ရန်ကုန်(မင်္ဂလာဒုံ)တွင် (၂.၁၂)လက်မ၊
ဂွမြို့တွင် (၂.၀၉)လက်မ၊ ခန္တီးမြို့တွင် (၁.၇၃)လက်မ၊ ကိုကိုးကျွန်းမြို့ တွင် (၁.၆၅)လက်မ၊
မြောင်းမြမြို့တွင် (၁.၅၄)လက်မနှင့် အုတ်ဖိုမြို့တွင် (၁.၄၅)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင်
တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေ အားနည်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ ကွက်၍
မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်
အခြေအနေများ ဆက်လက်ဖြစ်ပေါ် နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။