DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၂-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၂၀/၂၀၂၀)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၂၀/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ  ၅  ရက်)        

   (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

        

 

 

 မုန်တိုင်းငယ်အခြေအနေ

            ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ရမ်မန်သာပူရမ် (Ramanathapuram) ခရိုင်အနီးကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။