ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 (၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန်(၀၅:၃)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်  ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေ ပါသည်။ အဆိုပါမုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၂၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ (Kanyakumari) မြို့၏ အရှေ့ဘက် ရေမိုင် (၅၄၀)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။     နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

အမြင်တာ ။                      (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                      အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ  (၃၅) မိုင်။       

လှိုင်းအ‌ခြေအနေ။             လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                     (၆)ပေမှ (၉)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။    အများအားဖြင့် သာယာမည်။

အမြင်တာ ။                     (၅)မိုင်။

  ရေပြင်လေ။                   အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။          

လှိုင်းအ‌ခြေအနေ။            လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                    (၃)ပေမှ (၅)ပေခန့်။