လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့
မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။"