မုန်တိုင်းငယ်သတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆)၊၂၀၁၆
မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊
အနောက်ဘင်္ဂလား ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်
အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ခရစ်နန်နဂါ
မြို့၏ အရှေ့ဘက်မိုင်(၃၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချူဒန်ဂါမြို့၏ အရှေ့တောင်
ဘက် မိုင်(၂၀)ခန့်အကွာတွင် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည်
မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ
ကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသဖြင့် အဝါရောင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံဘက်သို
့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် ွမန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တွင် မြောက်
လတ္တီကျု (၂၃.၅)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၉.ဝ)ဒီဂရီတွင်ရှွိပီး၊ ဗဟိုချက်လေဖိအား
(၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့်
ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်
လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်င်ပါသည်။
အကြံပြုချက်
(က) ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး
ငါးဖမ်း ရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။